ရန်ကုန်မှာ ပရိုဘောက်တစ်စီး မီးလောင်

၁၀ ဧ​ပြီ၊၂၀၂၄

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် အမှတ် (၉)ရပ်ကွက် ဝါယာလတ်(၂)လမ်းအောက်..ဓမ္မာရုံရှေ့မှာ ဒီနေ့မနက၄နာရီဝန်းကျင်အချိန်ခန့်က ပရိုဘောက် ဂစ်စ်ကားတစီး မီးလောင်မှုဖြစ်ပွားခဲ့တာ​ကြောင့် ကားတစီးလုံးနီးပါးမီးလောင်ကျွမ်းခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

“ကားစက်နိုးတဲ့အချိန် မီးထလောင်တယ်လို့ ယာဥ်မောင်းဆီကကသိရတယ်ဆယ်မိနှစ်လောက်ပဲကြာတယ် ။ မီးလောင်တာက ရသီဥတုကလဲ ပူနေတော့ သတိထားရမယ်”လို့အနီးနားရောက်ခဲ့သူတဦးကပြောပါတယ်။

ကားမီးလောင်မှုဖြစ်ပွားရာနေရာကို​မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီးနဲ့မီးငြိမ်းသတ်ခဲ့ရတယ်လို့​ သိရပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *