ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ဖို့ နေရေးအခက်အခဲရှိသော ပြည်သူများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အမှတ်၂ လမ်းမကြီးနှင့်မြို့ပတ်လမ်းဆုံအနီး (Toll gate အနီး) တည်ဆောက်နေသော သုခဒဂုံပြည်သူ့အငှားအိမ်ရာ ရှိ (၅၈၈ )စတု ရန်းပေ ကျယ်ဝန်းသော အခန်းများတွင် (၅ )နှစ် ငှါးရမ်းနေထိုင်ခွင့် ပေးသွား ဖြစ်ကြောင်း အိမ်ခန်းနေရာအငှားချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဇွန်လ၃၀ရက်နေ့က သတင်း ထုတ်ပြန်ကြေညာခဲ့သည်။
အမှန်တစ်ကယ် နေရေးအခက်အခဲရှိ သူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်လွှာ တစ်စောင်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပြီး သတ်မှတ်ထား သော စည်းကမ်းချက်များ အပြည့်အစုံ ဖြည့်စွက်ပြီး မိမိတို့ လျှောက်လွှာ ဝယ် ယူသည့် ရုံးများတွင် သတ်မှတ်ရက် အတွင်း ပြန်လည်တင်ပြသွားရန် လိုအပ် ကြောင်းနှင့်နေရေးအခက်အခဲ ရှိသော တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများက တော့ မိမိတို့ သက်ဆိုင်ရာ ဌာန အကြီး အကဲများ၏ ထောက်ခံချက်ဖြင့် ဌာန အလိုက် စုစည်းပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာန ရန်ကုန်တိုင်း ညွှန်ကြား ရေးမှူးရုံးမှာ ဌာနအလိုက် ဝယ်ယူ သွားရန် လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာများရောင်းချခြင်းနှင့် ပြန်လည်တင်သွင်းရမည့်ရက်မှာ၃-၇-၂၀၂၃ ရက်မှ ၃၁-၇-၂၀၂၃ ရက်အထိ ရုံး ချိန်အတွင်းဖြစ်ပြီး ငှားရမ်းခွင့် ရရှိပါက(၅ )နှစ် ငှါးရမ်းနေထိုင်ခွင့် ပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။
ငှားရမ်းမှုနှင့်ပတ်သက်ပြီး အသေး စိတ် သိရှိလိုပါကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ Website (www.yangon.gov.mm) နှင့် (DUHD-Ygn) Facebook Pageတို့ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး
ဖုန်း-၀၉-၆၉၉၉၉၈၈၁၄၊ ၀၁-၈၃၇၉၀၆၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင် ကြောင်း သိရသည်။





