ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ကျော် လွန်ပြီး ဖွင့်တဲ့ Honey Nest Bar ဝင်ရောက် ဖမ်းဆီးစစ်ဆေးခံရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရ အမိန့်ကိုကျော်လွန်ပြီး ဖွင့်လှစ်ထားတဲ့ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်အတွင်းက Honey Nest Bar ကို ဇွန်လ၁၃ရက်မနက် ၁နာရီက လုံခြုံရေးတပ်ဖွဲ့ကနေ ဝင်ရောက် ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

လုံခြုံရေးရေးတပ်ဖွဲ့ Honey Nest Bar အတွင်း ဝင်ရောက်ဖမ်းဆီးစစ်ဆေးတဲ့ အချိန်မှာအမျိုးသား၂၅၁ယောက်နဲ့အမျိုးသမီး၁၁၈ယောက်တို့ကိုတွေ့ရှိခဲ့ရတာကြောင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိ စစ်ဆေးပြီး ခံဝန်လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေး ခဲ့တယ်လို့ သိရပါတယ်။

ညမထွက်ရအမိန့်ကိုကျော်လွန်ပြီးဖွင့်လှစ်ခဲ့တဲ့ Honey Nest Bar မန်နေဂျာ အောင် ကျော်ဘုန်းကို တည်ဆဲဥပဒေ များနဲ့အညီ အရေးယူသွားမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *