ရန်ကုန်မှာ ဆီဖြည့်ရတာ ခက်နေဆဲပါပဲ

၁၄ နိုဝင်ဘာ၊၂၀၂၃

ရန်ကုန်မြို့ကစက်သုံးဆီဆိုင်တွေ အများစု ကားတစီးကို ၂၀၀၀၀ကျပ်ဖိုးသာဖြည့်ပေးနေပြီး၊ 95အမျိုးစားဆီတွေဖြည့်လို့မရဘူးလို့ ဆီဖြည့်ဖို့သွားခဲ့တဲ့မြိုခံတွေဆီက သိရပါတယ်။

“92ပဲဖြည့်လို့ရတယ်အင်ဂျင် ပါဝါ သေးသေး ကြီးကြီး နှစ်သောင်းဖိုးဘဲရမယ်တဲ့ မနေ့ကရှာဖြည့်တာမရခဲ့ဘူး”လို့ဆီဖြည့်ခဲ့တဲ့ ရန်ကုန်မြို့ခံတဦးကပြောပါတယ်။

အခုလို ဖြစ်နေတာက ၃/၄ရက်လောက်ရှိနေပြီး ဆီလုံးလုံးမရတာမျိုးတော့ မဟုတ်ပါဘူး။

တစ်ဖက်မှာလည်း ပြောခွင့်ရသူက စက်သုံးဆီ သင်္ဘောတွေ လာနေပြီး တလစာဆီအလုံအလောက်ရှိနေတယ်လို့ ပြောဆိုနေပါတယ်။

“ ကျနော်တို့အနေနဲ့ ပြည်တွင်းမှာ စက်သုံးဆီ၊ စားသုံးဆီနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်နေတာ ရှိတယ်။ ဆီခွဲတမ်းအနေနဲ့ အရင်အတိုင်းပဲ ရှိတယ်။ ကျနော်တို့ အနေနဲ့ စိစစ်တာတခုပဲ ရှိတယ်။ ပြည်တွင်းမှာ စက်သုံးဆီ အလုံလောက် ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ ၉၂ ဆိုရင် လက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိတယ်။ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိတယ်” လို့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနိုဝင်ဘာလ၁၂ရက်နေ့ကပြောဆိုထားပါတယ်။

ပြောဆိုချက်ထဲ စက်သုံးဆီတင်သင်္ဘော၄စင်း ဆိုက်ကပ်ထားပြီး နောက်ထပ် ၁၅ စင်းထပ်မံရောက်ရှိမယ်လို့ ဆိုပါတယ် ။

ရန်ကုန်မြို့ရှိ တက်စီယာဉ်မောင်းတွေနဲ့ကိုယ်ပိုင်ကားအသုံးပြုသူတွေကတော့နိုဝင်ဘာ၁၀ရက်နေ့ကစပြီး၊တန်းစီဝယ်ရသလို လိုသလောက်မရဘူးလို့ ပြောပါတယ်။

“ဝယ်လို့ရတဲ့ဆီပမာဏက ဆီရောင်းတဲ့ဆိုင်ပတ်ရှာနေတာနဲ့ကုန်တယ် ဝယ်မရတာများတယ်၊ကုန်ပြီဆိုတာကြီးပဲဝယ်မရဘူး”လို့အငှားယာဥ်မောင်းတဦးကပြောပါတယ်။

စက်သုံးဆီ ဆိုင်များအား မနက်(၃)နာရီမှည(၁)နာရီအထိ ဖွင့်လှစ်ရောင်းချပေးနေပီး၊ပုံမှန်စျေးနူန်းနဲ့ရောင်းချနေတယ်လို့ ဆီဆိုင်ကြီးအချို့ကအသိပေးထားပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *