ရန်ကုန်မှာ ခုမနက် မီးလောင်

၃ မတ်၊၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ သခင်ဗဟိန်းလမ်းမှာဒီနေ့မနက်၈ကျော်အချိန်ခန့်၊မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်တလုံးမီးလောင်ခဲ့တယ်လို့ ရပ်ကွက်နေသူအချို့က ပြောပါတယ်။

“ဖိနပ်လုပ်တဲ့အိမ်ပါ။ဆယ်မိနစ်ကျော်လော​က်ပဲ လောင်တာကြာတယ်၊ ရပ်ကွက်ထဲက လူတွေ ရေပုံးတွေယူလာပြီး အကုန်ဝိုင်းငြိမ်းကျတာမို့ မီးကဘေအးထိမကူးသွားဘူး”လို့အနီးနား​နေထိုင်သူတဦးက ပြောပါတယ်။

မီးလောင်ရာနေရာကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမီးသတ်ယာဉ်(၂)စီးတို့က မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *