ရန်ကုန်မှာ ကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကနေ အောက်တိုဘာလ ၂၁ရက်နေ့က ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၅ သိန်းကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ (၁၀၆)ရပ်ကွက်၊ ရတနာပုံလမ်းမှာ သတင်းအရစောင့်ဆိုင်းနေချိန် သော်တာလင်း မောင်းနှင်လာတဲ့ Changhe မော်တော်ယာဉ်ကို ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၈ နာရီခွဲအချိန်မှာ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ လွှဲ ပြောင်းပေးအပ်ခဲ့သူ မျိုးမင်းပိုင် အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်၊ (၁၇/၁၄၄) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ လွှဲပြောင်းပေးစဉ်က သယ်ဆောင်လာတဲ့ Light Truck မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက် ၍ ဖမ်းမိတရားခံ သော်တာလင်း ငှား ရမ်းထားတဲ့ မြောက် ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်းရှိအခန်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူများကို သက်ဆိုင်ရာနယ်မြေရဲစခန်းများမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *