ရန်ကုန်မှာ ကား၃စီး ဆင့်တိုက်မှု ထပ်ဖြစ်ပြန်

■ကား၃စီးတိုက်မှုကြောင့် လူ၅ဦး ထိခိုက်ဒဏ်ရာရခဲ့

ရန်ကုန်တိုင်းဒေသကြီး၊သင်္ကန်းကျွန်းမြို့နယ်၊သုဝဏ္ဏဘူမိကွင်းရှေ့မှာ ဇန်နဝါရီလ၂၉ရက်မနက်ပိုင်းက ကား ၃စီးဆင့်တိုက်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို Medical လူငယ်များ လူမှုကူညီရေးအသင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ၅ဦးကိုသဃန်းကျွန်းစံ​ပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ၂၈ရကိည၁၀နာရီ၅၀မိနစ်ကလည်းရန်ကုန် တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်၊ဗိုလ်ချုပ်လမ်းနဲ့မော်တင်လမ်းထောင့်မှာ ကား၃စီးဆင့်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် လူ၁ဦးသေဆုံးခဲ့ပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်ဖြစ် ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *