ရန်ကုန်မွာငွေကျပ်၁၀၀နဲ့ အသက်၆၀အ ထက် ဘိုးဘိုးများကို ဆန်နဲ့ကြက်ဥရောင်း ချပေး

ရန်ကုန်မြို့၊သင်္ကန်းကျွန်းမြို့နယ်က Aladdin Men Fashion ဆိုင်မှ စက်တင်ဘာလ၄ရက်မနက်ပိုင်းက အသက်၆၀အထက် ဘိုးဘိုးများကို ငွေကျပ်၁၀၀နဲ့ အသက်၆၀အထက် ဘိုးဘိုးများကို ဆန်နဲ့ကြက်ဥရောင်းချပေးခဲ့တယ်လို့ သူတို့ဆိုင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

Aladdin Men Fashion ဆိုင်က“ပထမတော့ ဆန်တစ်ပြည်ကို ၁၀၀ ကြက်ဥ ၁၀ လုံး တစ်ကဒ်ကို ၁၀၀ ကြိုက်တာတစ်မျိုးယူရောင်းပေးဖို့ပဲ အဖိုးအဖွားတွေ အရမ်းချစ်ဖို့ကောင်းနေလို့ဆန်တစ်ပြည်နဲ့ကြက်ဥ ၁၀ လုံးတစ်ကဒ် ၂မျိုးပေါင်းကိုမှ ၁၀၀ကျပ်နဲ့ ရောင်းချပေးနိုင်ခဲ့တဲ့ အပြင်လမ်းစရိတ်အဖြစ် တစ်ဦးကို ၂၀၀၀ကျပ်စီပါဝေမျှပေးနိုင်ခဲ့ပါတယ်´´လို့လူမှုကွန်ယက်စာမျက်နှာမှာ ပြောကြားထားတယ်။

Aladdin Men Fashionအနေနဲ့ ယခုကဲ့သို့လှူဒါန်းမှုများကို ပြုလုပ်ခဲ့ရာ ယခုအကြိမ်အပါဝင် လှူဒါန်းမှုမှာ(၄)ကြိမ်ရှိပြီလို့လည်းသိရပါတယ်။

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *