ရန်ကုန်မြို့အခြေစိုက်ဗြိတိသျှသံရုံးယာယီသံရုံးတာဝန်ခံအဖြစ် မစ္စတာ ကန် အိုဖလာဟက်ထီ ကို ခန့်အပ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၇

အတွေ့ကြုံရင့် သံတမန် တစ်ဦးဖြစ်တဲ့ မစ္စတာ ကန် အိုဖလာဟက်ထီက  ရန်ကုန်မြို့ အခြေစိုက် ဗြိတိသျှသံရုံး ရဲ့ ယာယီသံရုံးတာဝန်ခံအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဒီနေ့ ဖော်ပြလိုက်ပါတယ်။

 အခုလို့တာဝန်ပေးခန့်အပ်ခံရတဲ့အပေါ် မစ္စတာကန် အိုဖလာဟက်ထီက” “မြန်မာနိုင်ငံမှာယူကေကို ကိုယ်စား ပြုခွင့်ရခြင်း ဟာ အခွင့်ထူးပါပဲ” လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ် တွေ အပေါ်လည်း အလေးထားဆောင်ရွက်ဖို့ကို တိုက်တွန်းထားပါတယ်။

သူထမ်းဆောင်ရမယ့် အဓိကအခန်းကဏ္ဍတွေက  လက်ရှိအကျပ်အတည်းကို အရှိန်လျော့စေဖို့ မိတ်ဖက်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်တွေ တည်ဆောက်ခြင်း၊ အရေးပေါ် လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေကို တုံ့ပြန်ဖို့၊ တာဝန်ခံမှုနဲ့ တရားမျှတမှုကို ပံ့ပိုးပေးခြင်း စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

မစ္စတာ ကန်ဟာ ရန်ကုန်မှာ တာဝန်မထမ်းဆောင်မီ  ပါရီ၊ တိုကျို၊ ရောမနဲ့ ဘရပ်ဆဲလ် နေရာတွေမှာ  တာဝန်ထမ်းဆောင်ခဲ့ သူလည်း ဖြစ်ပါတယ်။

Ref: UK in Myanmar

Leave a Reply

Your email address will not be published. Required fields are marked *