ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၌ ယနေ့ဇွန်လ ၂၂ ရက် နံနက်ကအိမ်ခြေမဲ့တစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်းသိရသည်။
ယင်းမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး လင်းလက်လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။
အဆိုပါ သေဆုံးနေသူ၏မိသားစုဝင်းများ မပေါ်ပေါက်ပါက ပိုင်ရှင်မဲ့ ရုပ်အလောင်းအနေဖြင့် ဆေးရုံကြီးက တာဝန်ယူ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

