ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သံဃာတော် (၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်

ဗုဒ္ဓဘိသေက အနေကဇာတင် ပွဲ မြင်ကွင်းတစ်ခု

ရန်ကုန် ၊မေ ၂

ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကုန်းတော်ပေါ်တွင် သံဃာတော် ၁၁၁ပါး၊စေတီတော်ကြီး၏အနောက်ဘက် ပြည်သူ့ရင်ပြင်တွင် သံဃာတော် (၁၁၀၀၀)ပါးတို့က စုပေါင်းပြီး ယနေ့၂၀၂၃ မေလ၂ရက်မနက်ပိုင်းတွင် ဗုဒ္ဓဘိသေက အနေကဇာတင်လှူကြသည်။

ယင်းနောက် ကြွရောက်တော်မူကြသည့် သံဃာတော် ၁၁၁၁၁ပါးတို့အား ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲလည်း တစ်ဆက်တည်းကျင်းပခဲ့သည်ဟုသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *