ရန်ကုန်မြို့မှာ (၇၆)ကြိမ်မြောက် အာဇာ နည်နေ့ အခမ်းအနားကျင်းပ

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ကအာဇာနည်ဗိမာန်မှာ(၇၆)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက်၊ နံနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမှာအာဇာနည်ခေါင်းဆောင် ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု ဝင်ဖြစ်သူသားကြီး ဦးအောင်ဆန်းဦးက လွမ်းသူ့ပန်းခွေချပြီး ဖခင်ဖြစ်သူကို ရို သေလေးစားစွာကန်တော့ခဲ့တာကို တွေ့ရ ပါတယ်။သမီးဖြစ်သူဒေါ်အောင်ဆန်းစု ကြည်ကတော့ အာဇာနည်နေ့အခမ်းအနား ကို တက်ရောက်လာနိုင်ခြင်း မရှိတာကို တွေ့ မြင်ခဲ့ရပါတယ်။

အခြားအာဇာနည်ခေါင်းဆောင်ကြီးများဖြစ်တဲ့ ဦးဘဝင်း၊ဒီးဒုတ်ဦးဘချို၊မိုင်းပွန် စော်ဘွားကြီးစဝ်စံထွန်း၊မန်းဘခိုင်၊ဦးရာ ဇတ်၊ဦးအုန်းမောင်၊သခင်မြနဲ့ရဲဘော် ကို ထွေးတို့ရဲ့ မိသားစုဝင်များက မိမိတို့ သက် ဆိုင်ရာနေရာအသီးသီးမှာ လွမ်းသူ့ပန်း ခွေချပြီး ဂါရဝပြု ကန်တော့ခဲ့ကြတာကို တွေ့ရပါတယ်။

Visited 30 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *