ရန်ကုန်မြို့မှာ ညမထွက်ရအမိန့် ကို ဖြေလျော့ပေးခဲ့ပြီး မန္တလေးမြို့မှာ ညမထွက်ရအအမိန့်ကို ပယ်ဖျက်ပေးခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်အဆင့်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနများရဲ့ အောက်တိုဘာလ၂၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြေညာချက်များအရ သိရပါတယ်။

ရန်ကုန်မြို့မှာ ယခင်က ည၁၂နာရီမှ မနက်၄နာရီအထိ သတ်မှတ်ထားရာကနေ ယခုအခါ မနက်၁နာရီမှ၃နာရီကို ဖြေလျော့ပေးခဲ့ပြီး မန္တလေးမြို့မှာ ယခင်က ည ၁၂နာရီမှ မနက်၄နာရီအထိ သတ်မှတ်ထားရာကနေ ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးခဲ့တာလို့ သိရပါတယ်။


အလားတူ မိတ္ထီလာ၊မကွေးအစရှိတဲ့ မြန်မာနိုင်ငံအတွင်းက နယ်မြေအေးချမ်းမှုရှိတဲ့မြို့နယ်များမှာလည်း ညမထွက်ရပမိန့်များကို ဖြေလျော့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Visited 1 times, 1 visit(s) today