၁ မတ်၊၂၀၂၄
ဒေါပုံ၊သာကေတ၊တောင်ဥက္ကာလာပ အထိ အသံမြည် ပေါက်ကွဲခဲ့တဲ့ ရန်ကုန်မြစ် MEC ထီးတန်းဆိပ်ကမ်းပေါ်က သင်္ဘော တစ်စီး မီးလောင်ပေါက်ကွဲမှုဟာ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်မှုဖြစ်တယ်လို့ NUGဘက်က ဒီနေ့ နေ့လယ်မှာ ထုတ်ပြန်လာတာတွေ့ရပါတယ်။
သင်္ဘော ဟာ စစ်လေယာဥ်၊ စစ်ရဟတ်ယာဉ်တွေမှာ အသုံးပြုတဲ့ လေယာဥ်ဆီ သယ်ဆောင်လာတဲ့ လေယာဥ်ဆီတင် သင်္ဘော လို့ဆိုပြီး ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ ညနက်ပိုင်းက ရန်ကုန် MEC ထီးတန်းဆိပ်ကမ်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်စာမှာပါလာပါတယ်။
ကနဦးသတင်းတွေ အရတော့ ဒါဟာ ဝါယာရှော့ လို့ သုံးသပ်မှတ်ချက်တွေရှိခဲ့ပြီး NUG ဘက်က နေ့လယ်မှာ ဖောက်ခွဲတိုက်ခိုက်မှုလို့ ထုတ်ပြန်လာတာပါ။
ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို TNT ချိန်ကိုက်မိုင်း အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်တာလို့
ပြောဆိုထားတာတွေ့ရပါတယ်။



