ရန်ကုန်နဲ့မန္တလေးမှာ ဆီတန်းစီနေကြရပြန်

◼️ စက်သုံးဆီမပြတ်လပ်၊လိုတာထက်ပိုမဝယ်ဘဲ ပုံမှန်အတိုင်းပဲ ဝယ်နိုင်လို့ သတင်းစာကရေးနေ

၂ မတ်၊၂၀၂၄

ရန်ကုန်နဲ့မန္တလေးက ဆီဆိုင်အချို့မှာ မနေ့ကစပြီးဆီပြန်တန်းစီလာတာမျိုးတွေတွေ့နေရပါတယ်။

“မနေ့က ညနေကတော့ 92 သွားဝယ်တာ။ကုန်နေလို့ ဆိုပြီး မရခဲ့တာတော့ ရှိတယ်။မြို့ထဲ ပါတ်ဝယ်တော့ရလို့ ဆိုင်ကယ်ထဲ ၈၀၀၀ဖိုး အပြည့်ဖြည့်ထားလိုက်တယ်။နောက်ရက်ရမယ် ခုတော့ 92ကုန်နေလို့ဆိုတဲ့ ဆိုင်မှာတော့ ကားနည်းနည်းတန်းစီနေတာတွေ့ရတယ်။အရင်လို အများကြီးတော့မဟုတ်ဘူး”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

ဒီနေ့မနက်မှာတော့ မန္တလေးက ဆီဆိုင်၂ခု၃ခုလောက်မှာ ၁၀စီး၊၁၂စီးလောက် တန်းစီနေတာ တွေ့ရတယ်လို့ သူကဆက်ပြောပြီး “ပုံမှန်ထက် နည်းနည်းလေးပါ”လို့ ဆိုပါတယ်။

ရန်ကုန်မှာတော့ မနက်၄နာရီထဲက ထတန်းစီတဲ့ အနေအထားတွေ ပြန်တွေ့နေတာရှိပါတယ်။

အများစုက တက္ကစီတွေဖြစ်ပြီး အချို့က စိုးရိမ်နေတာမျိုး ရှိတာကြောင့်လို့ သိရပါတယ်။

နိုင်ငံပိုင်သတင်းစာကတော့ ပြည်ပကနေ မှာယူထားတဲ့ စက်သုံးဆီတင်ပို့တာဟာ စီစဉ်ထားတဲ့ အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းကို ပုံမှန်အဆက်မပြတ် ဝင်ရောက်နေပြီး သိုလှောင်ကန်တွေထဲ စက်သုံးဆီတွေ ချယူဖြည့်တင်းနေတဲ့အကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနေပြီး ၂၉-၂-၂ဝ၂၄ ရက်နေ့က ဆီတင်ယာဉ် (၁,၁၇၅) စီးနဲ့ 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင့် ဆီအလုံအလောက်ရှိတာမို့ ကောလာဟလသတင်းတွေကြောင့် မကြာမီ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန်ပြီး လိုအပ်တာထက် ပိုမိုဝယ်ယူဖို့ မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်တယ်လို့ ရေးသားပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *