ရန်ကုန်မြို့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ဗဟန်းမြို့နယ်၊ရန် ကင်းမြို့နယ်တို့နဲ့ တာချီလိတ်မြို့၊ဝိန်းကျောက်ရပ်ကွက်တို့ကနေ အောက်တိုဘာလ၁၄ရက်နေ့က ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် (Happy Water) ၃၈ ဒသမ ၈၂ ကီ လို၊ အက်တက်စီဆေးပြား ၅၀၀၀ ပြားနှင့်ကဖင်းဆေးပြား ၂၂၀၀ ပြားတို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းမှာ ထွန်းမြတ်သူ(ခ) မောင်စံကို စိတ်ပြောင်းဆေး ဝါး(Happy Water) ၁၇ ဒသမ ၂၈ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဆက်လက်ကြီး မွန်းလွဲ ၂ နာရီအချိန် ဗဟန်းမြို့ နယ်၊ ဦးချစ်မောင်လမ်းတွင် ရဲရင့်အောင်ကို စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၄ ကီလိုနဲ့လည်း ကောင်း၊ စောဂျွန်ပေါလ်(ခ) ဂျွန်ပေါ ကို ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်က သူ့ရဲ့နေအိမ်မှာ စိတ်ပြောင်းဆေးဝါး (Happy Water) ၆ ဒသမ ၆ ကီလို၊ ကဖင်းဆေးပြား ၂၂၀၀ ပြားနှင့်ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၉ နာရီခွဲအချိန်ကနေလ၀င်း(ခ) Bank နှင့် ရဲရင့်ဌေးအောင်(ခ) အိုက်ပီးတို့ ၂ ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်မှာ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅၀၀၀ ပြား၊ TOYOTA CROWN မော်တော်ယာဉ် ၁ စီးနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။