ရန်ကုန်တွင် ငလျင်လှုပ်

ရန်ကုန်တွင် ယနေ့ ညနေ ၄ နာရီခွဲခန့်ကငလျင်လှုပ်ရှားခဲ့သည်ကိုမြို့နယ်အ‌တော်များများသိရှိခံစားခဲ့ကြရကြောင်းသိရသည်။

“အိမ်က ယိမ်းခါနေတယ်။မတ်တပ်ပန်ကာက လှုပ်ခါနေတယ်၊ကြောက်ကြောက်နဲ့ အိမ်အောက်ကိုဆင်းပြေးမလို့လုပ်ပေမဲ့ ငလျင်လှုပ်တာက သိပ်မကြာလိုက်ဘူး”ဟု သာကေတမြို့နယ်အတွင်းနေထိုင်သူကပြောသည်။

ငလျင်လှုပ်ရှားသည်ကို မြောက်ဥက္ကလာ၊မြောက်ဒဂုံ။ပုစွန်တောင်၊မင်္္လာတောင်ညွန့်အပါအဝင် ရန်ကုန်တိုင်းအတွင်းမြို့နယ်အားလုံးကသိရှိခံစားခဲ့ကြခြင်းဖြစ်သည်။

မြေငလျင်သတင်း၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ၊ ၂၃ မိနစ် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၊ မအူပင်မြို့၏ အနောက်တောင်ဘက် ရွှေတောင်မှော်ဒေသ၊ မြောက်လတ္တီတွဒ် (၁၆.၆၅)ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၅.၄၆) ဒီဂရီ၊ အနက်(၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

May be an image of slow loris and text that says 'မြေငလျင်သတင်း င်သတင်း'

Leave a Reply

Your email address will not be published. Required fields are marked *