ရန်ကုန်တွင် ချိန်ခါမဟုတ်မိုးသည်းထန်

သာကေတဒေါပုံမိုးသီးပါကြွေ

ကြွေကျလာတဲ့ မိုးသီးတချို့ တွေ့ရပုံ
ဓါတ်ပုံ။ CJ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေး များနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်း ဒေသမှ ရွေ့လျားလာသော လေအေး များတွေ့ဆုံမှုကြောင့် ယနေ့ဖေဖော်ဝါရီ၁၇ရက်တေ့ နေ့လည်၁နာရီတွင် ရန်ကုန်၌ ချိန်ခါမဟုတ်မိုးရွာသွန်းပြီး သာကေတနှင့်ဒေါပုံတို့တွင် မိုးသီးများကြွေကျခဲ့သည်။

“ခေါင်မိုးပေါက်မတတ်ပဲ”ဟု သာကေတမြို့ခံတစ်ဦးက ပြောပြသည်။

နေရာအချို့တွင် လေပြင်းများပါတိုက်ခတ်သည့်အတွက် ရန်ကုန်ကြက်ဘဲစျေးအနီး သစ်ပင်အချို့လဲပြိုမှုလည်းရှိခဲ့သည်။

လေအေးများကြောင့် ဖေဖော်ဝါရီလ ၁၆နေ့မှ ၁၈ရက်နေ့အတွင်း မြန်မာနိုင်ငံနေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မှ နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနကကြေညာထားသည်။

သည်းထန်တဲ့ မိုးကြောင့် သစ်ပင်တချို့ ယိုင်လဲနေကြပုံ
ဓါတ်ပုံ။ CJ

Leave a Reply

Your email address will not be published. Required fields are marked *