ထောင်ဒဏ်၃နှစ်အထိ ချမှတ်ခံရနိုင်ပေမယ့် ဒဏ်ငွေတစ်သိန်းသာ ချမှတ်ခံခဲ့ရ
ရန်ကုန်၊ဖေဖေါ်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်:သိန်းကို ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ ဒဂုံမြို့နယ်တရားရုံးကနေ ဖေဖော်ဝါရီလ၁၇ရက်က ဒဏ်ငွေတစ်သိန်းချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)မှာ “ ပြည်ထောင်စု မြန်မာနိုင်ငံ၏ပါလီမန်က ပြဋ္ဌာန်းထားသော အက်ဥပဒေ ၌ဖြစ်စေ ပါရှိသော ပြဋ္ဌာန်းချက်ကတားမြစ်ထားသောပြုလုပ်မှုကိုတမင်ပြုလုပ်ခြင်းဖြင့်သော်လည်းကောင်းအဆို ပါပြဋ္ဌာန်း ချက် ကိုလျော်ကန်သင့်မြတ်သောခွင့်လွှတ်ချက်မရှိဘဲဆန့်ကျင်ခြင်းပြုလျှင်ထိုသူကိုသုံးနှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်´´လို့ ပြဌာန်းထားပါတယ်။
ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းအနေနဲ့ ရာဇသတ်ကြီးပုဒ်မ၁၃၀(က)နဲ့ဒဏ်ငွေတစ်သိန်းသာချမှတ်ခံခဲ့ရပေမယ့် သမ္မတ ဟောင်းဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုဝန်ကြီးတွေ၊ဝန်ကြီးချုပ်တွေ ဟာရာဇသတ်ကြီးပုဒ်မ၁၃၀(က)နဲ့တရားစွဲဆိုတာကိုခံခဲ့ရပြီးထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့လည်း သိရပါတယ်။