ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ တက္ကစီများအ နေနဲ့ အဝါရောင်လိုင်းစတေကာ မတပ်ရင် ဒဏ်ကြေးပေးဆောင်ရတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေ သကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော် မတီ (YRTC) က သိရပါတယ်။
YRTCကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ဘေးနှစ်ဖက်အဝါရောင်စတေကာများ တပ်ဆင်ဖို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က စတင်ဆောင် ရွက်ခဲ့ပြီး ပညာပေးကာလအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ပေးထားပြီး ပညာပေးကာလကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ တက္ကစီများနည်းတူ နယ်လိုင်စင်နဲ့ ရန်ကုန်မြို့ တွင်းပြေး ဆွဲနေတဲ့ တက္ကစီများဟာလည်း အဝါရောင်လိုင်းစတေကာ တပ်ဆင်ပြီး မောင်းနှင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
တက္ကစီများကပ်ရမယ့် အဝါရောင်လိုင်းစတေကာမှာ ဘေးနှစ်ဖက် ကိုယ်ထည်မှာ အဝါရောင်လိုင်း အနံ (၅) လက်မခန့်ရှိ အလျားလိုက်လိုင်း စတေကာနဲ့ ယာဉ်ရဲ့ ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အောက်အထိ ကပ်ရမှာဖြစ်ပြီး ပညာပေးကာလအတွင်း ဒီဇိုင်းအတိုင်း ညှပ်ခ အပါအဝင် စတေကာတန်ဖိုး (၅၀၀၀) ကျပ်ကို YRTC က ကျခံပေးသွားမှာဖြစ်ပါတယ်။
YRTC အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့အထိစာ ရင်းများအရ ဘေး အဝါရောင် လိုင်းစတေကာတပ်ဆင် ပြီး စီးမှု ၇၅ ရာခိုင်နှုန်း ခန့်မှန်းအစီး ရေ ၄၂၀၀၀ ခန့် တပ်ဆင်ပြီးစီးခဲ့ကာ စီးတီးတက္ကစီယာဉ်အဖြစ် မှတ် ပုံတင်ထားတဲ့ယာဉ်အစီးရေ ၅၈,၄၈၁ စီးနဲ့YRTCမှာမှတ် ပုံတင်ထားတဲ့ စီးတီးတက္ကစီ ၅၅,၂၂၇ စီးရှိတယ်လို့ သိရပါတယ်။



