ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်၃ခုမှာ စိတ်ပြောင်းဆေး ဝါး၊စိတ်ကြွရူးသွပ်ဆေးပြားနဲ့အိုက်စ်များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိမှုဖြစ်စဥ်များမှာ နို၀င်ဘာလ ၂၀ ရက်နေ့မွန်း လွဲ၁နာရီ၃၀မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သ တင်းအရ သက်သေများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ကွမ်းခြံလမ်းက ကားဂိတ်မှာ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ပိုင်ပိုင်(ခ)စိုင်းမင်းခန့်ကို စစ်ဆေးရှာဖွေရာ စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၄၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ည၇နာရီ၃၀မိနစ်က သော်ဇင်အောင်ကို သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းမှာ လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ပိုင်ပိုင်(ခ)စိုင်းမင်းခန့်

(၂၆)နှစ် နှင့် သော်ဇင်အောင်(၂၇)နှစ်တို့ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိတယ်လို့ သိရပါတယ်။

အလားတူ နို၀င်ဘာလ ၂၀ ရက်နေ့မွန်း လွဲ၁နာရီ၃၀မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေများနှင့်အတူ အလုံမြို့နယ်၊ စောရန်ပိုင်(တောင်)ရပ်ကွက်၊ ငုဝါလမ်းနေ မောင်မောင်နိုင်(ခ)ကျားရှင်စဲ့နေအိမ်ကို ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၇.၅ သိန်း )၊ ကက်တမင်းအလေးချိန် ၆၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၃နာရီ၄ပမိနစ်မှာ သီဟန်လင်း(ခ)သီဟန်(ခ)ကိုသီကို ၎င်းနေထိုင်သတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်ရှိ နေအိမ်အတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တာကြောင့် မောင်မောင်နိုင်(ခ)ကျားရှင်(၄၀)နှစ် နှင့် သီဟန်လင်း(ခ)သီဟန်(ခ)ကိုသီ(၃၉)နှစ်တို့ကို သက်ဆိုင်ရာရဲစခန်းများမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *