ရန်ကုန်တာမွေမှာ လုယက်မှုဖြစ်

၆ ဇန်နဝါရီ၊၂၀၂၄

ရန်ကုန်မြို့၊ တာမွေမြို့နယ် ၁၅၆လမ်းက နေအိမ်တိုက်ခန်းမှာ ဇန်နဝါရီ ၅ရက်နေ့ ညနေ ၅ နာရီခန့်က ရိုက်နှက်ပြီး ပစ္စည်းလုယက်မှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။

လုယက်ခံလိုက်ရတဲ့တိုက်ခန်းက လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ထားတဲ့တိုက်ခန်းတစ်ခု ဖြစ်ပြီး လုယက်သူတွေက ဆိုင်ထဲကအမျိုးသ္မီးနှစ်ဦးကို ရိုက်နှက်ခဲ့ပြီး ရွှေနဲ့ငွေတွေ လုယက်ထွက်ပြေးသွားတာပါ။

ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦးဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒဏ်ရာရသူ အမျိုးသမီး နှစ်ဦးကတော့ တစ်ဦးကလူလတ်ပိုင်းတယောက်၊နောက်တစ်ဦးကတော့ အသက် ၆၀ ခန့်ရှိပါတယ်။ သွေးထွက်များတာတော့တွေ့လိုက်ရတယ်၊ မြို့ထဲမှာတောင် မလုံခြုံတော့ဘူး၊လူမပြတ်ရှိနေတဲ့နေရာလဲမရဘူး၊ အတင့်ရဲလာကြပြီ”လို့အနီးအနားမှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒဏ်ရာရှိသွားသူ အမျိုးသမီးနှစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံနဲ့ ဒဏ်ရာပြင်းထန်သူတစ်ဦးကို မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝီဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လုယက်ထွက်ပြေးသွားသူများကို ရဲတပ်ဖွဲ့က စုံစမ်းမှုများပြုလုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *