ရန်ကုန်စျေးကွက်အတွင်းမှာ တရုတ်ပို့မယ့် ဖရဲသီး စျေးကောင်းရနေ

ရန်ကုန် သီးနှံစျေးကွက်အတွင်းမှာ နိုဝင်ဘာလတတိယပတ်အတွင်း ဖရဲသီးတစ်တန်ကို ကျပ်သိန်း၉၀ ကနေသိန်း၇၀ ကျော်အထိ စျေးကောင်းရနေတယ်လို့ စိုက် ပျိုးရေးသီးနှံရောင်းဝယ်သူတွေဆီက သိရပါတယ်။

“ဖရဲသီးက နိုဝင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ စျေးတော်တော်လေးကျခဲ့ပါတယ်။ခုချိန်မှာ တရုတ်ဘက်က ဖရဲသီးဝယ်လိုအားတက်လာတာကြောင့် ဖရဲ သီးတစ်တန်ကိုသိန်း၉၀လောက်အထိ စျေးအမြင့်ဆုံးရနေပါတယ်။မူဆယ်လမ်းကြောင်းက အခြေအနေမကောင်းသေးပေမယ့် မိုင်းလားက တာလော့ဂိတ်ကနေ တရုတ်ကို တင်ပို့နေပါတယ်”လို့ စိုက်ပျိုးရေးသီးနှံရောင်းချတဲ့ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ကတော့ တိုက်ပွဲများဖြစ်ပွားနေတဲ့ စစ်ကိုင်း တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့က နယ်မြေတချို့မှာဖရဲ သီးပေါ်ချိန် ဖြစ်နေပြီး ဖရဲသီးတင်ပို့လို့ရတဲ့ မိုင်းလားက တာလော့ဂိတ်ကနေ တရုတ်ကို ဖရဲသီးတင်ပို့မယ်ဆိုပါက ဖရဲ သီးရဲ့ အခြေအနေပေါ်မူတည်ပြီး စျေးကောင်းရနေတယ်လို့လည်း သိရပါတယ်။

Visited 49 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *