၉ ဖေဖော်ဝါရီ၊၂၀၂၄
ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းနဲ့အနော်ရထာလမ်းမမှာရှိတဲ့ Orchid Hotel ကို လေလံပစ်မယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ဗိုလ်တထောင်တရားရုံးက ကြေညာပါတယ်။ တရားရှုံးတာကြောင့် ဟိုတယ်ကို ကြမ်းခင်းဈေး သန်း၆၅၀၀ နဲ့ လာမယ့် ၂၀၂၄ မတ်လ၁၄ရက်နေ့မှာ လေလံပစ်မှာပါ။


ဒီဟိုတယ်ကို ဦးဌေးအောင် က လုပ်ကိုင်နေတာ ဖြစ်ပြီး၊ဟိုတယ်ခရီးဝန်ကြီးဌာန နဲ့ အမှု ဖြစ်တာကနေ တရားရှုံးလို့ ခုလို ဖြစ်လာတာပါ။
တရားရူှုံးသူတွေအဖြစ် ဦးဌေးအောင်အပါဝင်၅ဦးဟာ နိုင်ငံတော်ကိုပေးစရာရှိတာ ပေးသွင်းနိုင်ခြင်းမရှိလို့ လေလံတင်ရောင်းချခဲ့ရတာလို့ သိရပါတယ်။
Visited 17 times, 1 visit(s) today



