ဒီဇင်ဘာ၊၉
ရန်ကုန်မြို့က လူစည်ကားတဲ့နေရာတွေမှာဓားထောက်လုယူမူတွေ ဒီရက်ပိုင်းအတွင်း အဖြစ်များနေတယ်လို့ လုယက်ခံရသူတွေဆီကနေသိရပါတယ်။
လူစည်ကားရာလမ်းတွေနဲ့ ရပ်ကွက်တွေထဲမှာပါ လု ယက်မူတွေခံနေရပြီးရွှေထည်ပစ္စည်း၊ပိုက်ဆံအိတ်၊ဖုန်းတွေအပြင်လက်တော့စတာတွေပါ လုယက်ခံနေရတယ်လို့ လုယက်ခံရသူတွေက ပြောပါတယ်။
” ကလေးကျောင်းပို့ပီးတက်စီငှားဖို့လမ်းကူးပြီးရပ်နေတာ လူနှစ်ယောက်က ဓားနဲ့ထောက်တယ် အတင်းဆွဲယူပြေးထွက်သွားတာ လူတွေရှိလျှက်နဲ့လုပ်သွားတာ၊ ဓားပါတော့အော်လို့ လည်းမရဘူး”လို့မြောက်ဒဂုံမြို့နယ်နေသူတဦးက ပြောပါတယ်။
YBSကားတွေပေါ်မှာလဲ အုပ်စုဖွဲ့ဓားထောက်လုယက်နေပြီး၊လုယက်ခံရတာကိုမြင်ပါကလည်း မပြောရဲကြဘူးလို့ ဘတ်စ်ကားစီးသူတွေက ပြောပါတယ်။
လုယက်သူတွေဟာ ဓားနဲ့ထောက်ပြီးပစ္စည်းယူတာမျိုး အတင့်ရဲစွာပြုလုပ်လာပြီးအွန်လိုင်းရှောပင်းကနေ ပစ္စည်းပို့သူတွေကိုပါ မကြာခဏလုယက်နေတာလို့ သိရပါတယ်။
“ကျွန်တော်ကပစ္စည်းပို့ဖို့ဖုန်းဆက်မေးဖို့ လမ်းထဲဝင်လာတာ လမ်းပေါ်လူလည်း ရှိတာကို ဆိုင်ကယ်နဲ့လုပြေးတာ၊ မမီလိုက်တော့ဘူး ပါသွားတယ်။ဒီတပတ်အတွင်းရုံးက လူနှစ်ယောက်ဖုန်းလုခံရပါတယ်။တစ်ယောက်က ဖုန်းကိုပြန်လုလို့ ဓားနဲ့ထိုးခံရတာ ရှပ်ထိသွားပြီး ဆေးဖိုးပါထပ်ကုန်သွားတယ်”လို့သာကေတအဝိုင်းအနီး လု ယက်ခံရသူတဦးကပြောပါတယ်။
အခုလိုလုယက်ခံနေရပေမယ့် ရဲစခန်းကိုသွားရောက်တိုင် ကြားတာမျိုးမပြုလုပ်ကြတာကြောင့် လုယက်သူတွေ အတင့်ရဲလာကြတာလို့ ရန်ကုန်မြို့နေသူအချို့က ပြောပါတယ်။



