မေ(၁၁)၊ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဓမ္မစေတီလမ်းမှာ မေလ၁၁ရက်ညနေ၃ နာရီအချိန်က သစ်ကိုင်းကျိုးကျပြီး မော်တော်ယာဥ်ပေါ်ကို ပိမိမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“လူထိခိုက်တာတော့မရှိပါဘူး။သစ်ကိုင်းပိနေတဲ့ကားကို ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး ကားပေါ် သစ်ကိုင်းတွေကို ရှင်းလင်းပေးသွားပါတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
သစ်ကိုင်းကျိုးမှုဖြစ်ပွားရာကို စမ်းချောင်းမြို့နယ်မီး သတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောက်ရွက်ခဲ့ပေးခဲ့တယ်လို့ သိရပါတယ်။
Photo- MFSD
Visited 42 times, 1 visit(s) today



