ရန်ကုန်က ပစ္စည်းပို့တဲ့ အမျိုးသားတစ်ဦးဖုန်းနဲ့ပိုက်ဆံလုယက်ခံရ

၅ ဖေဖော်ဝါရီ၊၂၀၂၄

ရန်ကုန်က ပစ္စည်းပို့တဲ့ အမျိုးသားတစ်ဦးဖုန်းနဲ့ပိုက်ဆံလုယက်ခံရပြီး၊ လှိုင်သာယာမီးခွက်ဈေးအကျော်လယ်ကွင်းထဲမှာ ထုရိုက်ဒဏ်ရာတွေနဲ့ သတိလစ်မေ့မြောနေတဲ့ ဖြစ်စဉ်တစ်ခု ဒီရက်ထဲဖြစ်ခဲ့ပါတယ်။

လုယက်ခံရသူဟာ ကိုရဲဇော်ထွန်း Deliver Fast Delivery လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး

ဖေဖော်ဝါရီလ၃ရက်နေ့ ည၇နာရီကျော်အချိန်က ဝိုင်ဘီအက်စ်ကားပေါ်မှာ နောက်ဆုံးအဆက်အသွယ်ရပြီး ပျောက်သွားတာကြောင့် မိသားစုကလူပျောက်အနေနဲ့ လူမူကွန်ယက်ပေါ်မှာ ဖြန့်ဝေခဲ့ပြီး နောက်တစ်ရက်အကြာမှာမှ ပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

“ခေါင်းနောက်ကိုတစ်ခုခုနှင့်ရိုက်ခံရပြီးမေ့သွားပြီး မနက်လင်းခါနီးမှသတိရလာတာလို့ပြောပါတယ်ရှင်

။ပါးနှစ်ဖက်ယောင်ကိုင်းနေတာတွေ့တယ်။ လည်ပင်းကနာပြီးခေါင်းမထောင်နိုင်သေးပါဘူး”လို့လုယက်ခံရသူအမျိုးသမီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ရက်နေ့ မနက်၆နာရီ၅၀မှာ လုယက်ခံရသူကို​ပြန်လည်တွေ့ရှိခဲ့ပြီး၊ လုယက်ဒဏ်ရာနဲ့အိပ်နေတာကြောင့် ဖြစ်စဥ်အတိအကျမသိရဘူးလို့ ဇနီးဖြစ်သူကအသိပေးပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *