ရန်ကုန်ကလိုင်စင်မဲ့ အလှအပဆေးခန်း ရဲဝင်ဖမ်း

၁၇ နိုဝင်ဘာ၊၂၀၂၃

အလှပဆိုင်ရာခွဲစိပ်ခြင်းလုပ်ငန်းတွေကို တရားမဝင်ခွဲစိတ်ကုသပေးနေတဲ့ ဗဟန်းမြို့နယ်ကSaigon Beauty Skin & Luxury Clinic လုပ်ငန်းကို အမှုဖွင့်လှစ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ဆေးကုသခွင့်လိုင်စင်မရှိတဲ့ ဗီယမ်နမ်နိုင်ငံသားတစ်ဦးနဲ့မြန်မာနိုင်ငံသားဆရာဝန် တစ်ဦးတို့ပါဝင်တဲ့အဖွဲ့က တရားမဝင်ခွဲစိတ်ကုသတာနဲ့တရားမဝင်ဆေးဝါးများအသုံးပြုနေတာကြောင့် အခုလိုဖမ်းပြီး အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၄/C)၊ နတ်မောက်ရိပ်သာလမ်း ၊ ဆရာစံရပ်ကွက်မှာ ဖွင့်ထားတဲ့ Saigon Beauty Skin & Luxury Clinic လုပ်ငန်းဟာ Aesthetic လုပ်ငန်းတွေဖြစ်တဲ့ နှာခေါင်းခွဲစိတ်မှုများ၊ မျက်ရစ်နဲ့ နှုတ်ခမ်းခွဲစိတ်ကုသမှုတွေကို ပြုလုပ်ပေးနေတာလို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *