ရန်ကုန်တိုင်းဒေသကြီး၊ကန်တော်ကြီး၊ပန်းကန်လုံးကျွန်းရေပြင်ထဲမှာ ဇန်နဝါရီလ၇ရက် နေ့လယ်၁၂နာရီခွဲက ရေနစ်သေဆုံးနေတဲ့ အသက်၄၀ ကျော်အရွယ်အ မျိုးသမီးတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။


ဖြစ်စဥ်မှာ ဇန်နဝါရီလ၇ရက် နေ့လယ်၁၂နာရီခွဲကကန်တော်ကြီး၊ပန်းကန်လုံးကျွန်း ရေပြင်ထဲမှာ ရေနစ်သေ ဆုံးနေတဲ့အ မျိုးသမီးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒီဃာယုက လူမူကူညီရေးအသင်းကိုဆက်သွယ် အ ကြောင်းကြားလာ တာကြောင့် မိတ်ဖက်ညီနောင်အ သင်းများဖြစ်တဲ့ သပြေကုန်းလူမှုကူညီရေးအသင်း၊လောကဟိတဝဟ (ကျီတော်)နဲ့Happy Rescue အ သင်းတို့ ပူးပေါင်းပြီး ရုပ်အလောင်းကို ဆယ်ယူပြီးနောက် Happy Rescue အသင်းက လူနာတင်ယာဥ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးနေသူအမျိုးသမီး ဘယ်သူဘယ်ဝှာဖြစ်တယ်ဆိုတာကို ဆက်လက် စုံစမ်းခဲ့ရာ သေဆုဲံးနေသူမှာ အထက(၅) မင်္ဂလာတောင်ညွန့်က ကျောင်းဆရာမတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။



