ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်ရထားတစ်စီး မိုင်းခွဲဖျက်ဆီးခံရ

ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ အ မှတ် (၉၀၁) ရန်ကုန်-မန္တလေးသွား အဆန်မီးရထား (ကုန်တင်မီးရထား) စက်ခေါင်းအမှတ် DF-1367 ပါတွဲ(၃၅)တွဲဟာ ပဲခူး တိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြိုနယ်၊ဟာရီးကျေးရွာအုပ်စု၊ ဘာ ဘူကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းကြေးနန်းမိုင် တိုင်အမှတ် ၁၀၃/၁၂ နှင့် ၁၀၃/၁၃ ကြားအောက်မှာ ဇန် နဝါရီလ၃၁ရက်နေ့မနက်ပိုင်းက မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ နစကနဲ့နီးစပ်တဲ့ သတင်းမီဒီယာအချို့မှာ ရေး သားဖော်ပြထားပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် မီးရထားခေါင်းတွဲ DF-1367 နှင့် ခေါင်းတွဲနောက်က y G3HV-405891 G3HV-40 7391 G3HV-40726 တို့ဟာ (၂၀)ဒီဂရီခန့် တိမ်း စောင်းနေပြီး မီးရထားအရှေ့ဘက်ခြမ်းသံလမ်း အရှည် (၈)ပေခန့်မှာ ကွေးသွားပြီး အနောက်ဘက်ခြမ်းသံလမ်း အရှည်ပေ(၅၀)ခန့်မှာ အရှေ့ဘက်သို(၁)ပေခန့် နေရာရွေ့၊ ဇလီဖာတုံး(၆)တုံးခန့် ပျက်စီး၊ ဇလီဖာတုံး(၇၂) တုံးခန့် နေရာရွေ့သွားပြီး မီးရ ထားပေါ်လိုက်ပါလာတဲ့ မီးရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာ မရခဲ့ကြဘူးလို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *