ရန်ကုန်ကနေ ပြည်ပကိုပို့မယ့် ငွေကျပ် ၅၁ ဒသမ ၈၇ဘီလီယံ တန်ဖိုးရှိတဲ့ အိုက်စ်နဲ့ကဖင်းတွေ ဖမ်းဆီးရမိ

ရန်ကုန်မြို့ကနေ ပြည်ပကိုပို့မယ့် ငွေကျပ် ၅၁ ဒသမ ၈၇ဘီလီယံ တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၂ တန်ကျော်နဲ့ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း၈၀၀ကီလို တို့ကို ရန်ကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာ ဒီဇင် ဘာလပထမပတ်နဲ့ဒုတိယပတ်အတွင်းတို့က ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီက သ တင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူး ပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁နာရီခွဲကရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာ ရန်နိုင်စိုး(ခ)ရန်နိုင် မောင်းနှင်ပြီး မအိအိခင် (ခ) မအိ နဲ့ မမေဦးကိုကို(ခ)မေဦးကြည်လင် တို့လိုက်ပါလာတဲ့ ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်က အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းမှာ ဖမ်းဆီးရမိတဲ့အိုက်စ်များ သယ်ဆောင်ရာမှာပူးပေါင်းပါဝင်သူများဖြစ်တဲ့ AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော်(ခ) ကျော်စိုး နဲ့ ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့ကို ALPHARD မော်တော် ယာဉ် ၁ စီးနဲ့လည်းကောင်း၊ အဲ့ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲက ရွှေပြည်သာမြို့နယ်၊ (၁) ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိဂိုဒေါင်မှာ AA အဖွဲ့က ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချို ကို အိုက်စ် ၈၆၅ ကီလိုနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီနေ့ ည ၇ နာရီက ဇော်မင်းထွေး(ခ)သန်းဝင်း နှင့် မသင်းမြတ်ဆွေ (ခ)ရင်ရင်လှ တို့ကို အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ် ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဖမ်းဆီးရမိတဲ့အိုက်စ်များကို ရန်ကုန်မြို့မှာလက်ခံပြီး ပြည်ပကို ရေကြောင်းကနေ သယ် ဆောင်ရာမှာ စီမံခန့်ခွဲသူ သားကြီး(ခ)ဦးလှဝင်းကို တောင်ငူမြို့၊ အမှတ်(၁၁) ရပ် ကွက်က ဟိုတယ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးချက်အရ ဒီဇင်ဘာလ ၇ ရက်နေ့နံနက်၁၀နာရီခွဲက တောင်ဥက္က လာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းမှာ ၎င်းပိုင် ဆိုင်တဲ့ CANTER BOX မော်တော်ယာဉ်ပေါ်က အိုက်စ် ၁၁၄၀ ကီလို၊ ထိန်းချုပ်ဓာတု ပစ္စည်းကဖင်း ၈၀၀ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ပြီး ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ)စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ် ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်း နှင့် တပ်သားအဆင့်ရှိ ဦးထွန်းနု တို့ ၆ ဦးကို ပြည်ပကို ပင်လယ်ရေကြောင်းက တဆင့် မူးယစ်ဆေး ဝါးများသယ်ဆောင်တဲ့တနင်္သာရီ(၁) အမည်ရှိ သံခွံကုန်တင်သင်္ဘော ၁ စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်း ဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်း ဆည်းရမိ စိတ်ပြောင်းဆေးဝါးဖြစ်တဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်ကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့ပြီး ရှမ်းပြည်နယ်က ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပကို သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်း ချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်ကို သယ် ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး (ခ) သားသား(ခ)ဝေသာထွန်းရဲ့ ဦးစီးစီမံခန့်ခွဲမှုနဲ့ သယ် ဆောင်ခြင်းဖြစ်ကြောင်းသိရှိရတာကြောင့် မူးယစ်မှောင် ခိုဂိုဏ်းအဖွဲ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုမှာဆက်စပ်ပါဝင်သူများနှင့်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ငွေ ကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *