ရန်ကုန်တိုင်းဒေသကြီး၊ရန်ကင်းမြို့နယ်၊၁၂ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်း၊ကံဘဲ့တာဝါ ရှေ့က နေအိမ်မှာ နေအိမ်ခေါင်မိုးပေါ် အ ပေါက်တက်ဖာတဲ့ အမျိုးသားတစ်ယောက် ဓာတ်လိုက်မှုတစ်ခု ဇွန်လ၁၄ရက်နေ့မွန်းလွဲ၂နာရီခွဲက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဓာတ်လိုက်မှုဖြစ်ပွားရာကို မိုးစေတနာ ပရဟိတအသင်း (ရန်ကုန်)ကအသင်းဝင် များနဲ့မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြရပြီး ဓာတ်လိုက်ပြီး သတိလစ်နေတဲ့ အမျိုးကို လူနာတင်ယာဉ်နဲ့ စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
