မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် ထင်းတင်ကုန်တင်ကားက ရထားလမ်းကူး မောင်းတံကို ဝင်တိုက်မိ၍ ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မော်လမြိုင်ဘက် မှ သထုံဘက်သို့ မောင်းနှင်လာသည့် ထင်းတင်ကုန်တင်ကားသည် ယနေ့ဇူလိုင်လ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်ကရင်ငြိမ်းတောင်ကျေးရွာ ရထားလမ်းကူးတွင် အရှိန်မထိန်းနိုင်ဘဲ မောင်းတံကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့်ယာဉ်မောင်းဖြစ်သူ၏ခြေထောက်များ ကားခေါင်းခန်းတွင် ညပ်မိနေသောကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ကယ်ထုတ်ခဲ့ရကြောင်းခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

