ကားချောက်ထဲ ထိုးဆင်းသွား
၁ မတ်၊၂၀၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအတက်လမ်းမှာ ဒီနေ့ညနေ၅နာရီအချိန်က TOYOTA HIUX VIGO အနက်ရောင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိရာကနေ (၁၀)ပေခန့် အနက်ရှိ မီးရထားလမ်းနဲ့လမ်းမကြီးကြားက မြေကွက်လပ်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွါးခဲ့ပါတယ်။
အဲ့လိုဖြစ်စဉ်ကြောင့်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယဥ်တိုက်မူကြောင့် ကားပေါ်ပါလာတဲ့ အမျိုးသား(၅)ဦး နဲ့ အမျိုးသမီးတဦး စုစုပေါင်း(၆)ဦးအနက် ယာဉ်မောင်း တဦးနဲ့ ဆိုင်ကယ်မောင်းသူ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ယာဥ်တိုက်မူဖြစ်ပွားရာနေရာကို စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်းကမီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဒဏ်ရာရရှိသူတွေကို သုခကာရီလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။



