နတ်ရုပ်တုတော်များ အခိုးခံခဲ့ရတာကြောင့် နန်းထိန်း
မိသားစု အကူအညီတောင်းခံထား
မြန်မာနိုင်ငံက ထင်ရှားတဲ့ နတ်ပွဲတစ်ပွဲဖြစ်တဲ့ ရတနာဂူနတ်ပွဲရဲ့ ရတနာဂူမူလနန်းရင်း(အလယ်နန်း)ကပုပ္ပါးမယ်တော်နဲ့သားတော်နှစ်ပါးရဲ့ နတ်ရုပ်တုတော်များ မေလ၂၄ရက်ညပိုင်းက အခိုးခံခဲ့ရတယ်လို့ နန်းထိန်းမိသားစုက လူမှုကွန်ရက်စာမျက်နှာက အသိပေးထားတာကို တွေ့ရပါတယ်။
နန်းထိန်းမိသားစုက လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တဲ့ အသိပေးကြေညာချက်မှာ ” ရတနာဂူပုပ္ပါးမယ်တော်နှင့်သားတော်နှစ်ပါးမူလနန်းရင်း(အ လယ်နန်း)မှ ပုပ္ပါးမယ်တော် နှင့်သခင်မသားနတ်ကြီးနှစ်ပါးအား မသမာသူလူတစ်စုမှ 24.5.2024၁၃၈၆ ခုနှစ်ကဆုန်လပြည့်ကျော်၂ရက်နေ့ညပိုင်းမှာ အခိုးခံလိုက်ရသောကြောင့် တွေ့ရှိ သတင်းကြားသိရပါကကူညီဆက်သွယ်အကြောင်းကြားပေးကြပါရန် နန်း ထိန်းမိသားစုများမှအကူအညီတောင်းခံအပ်ပါသည်
ဆက်သွယ်ရမည့်ဖုန်းနံပာတ် 09766857776
09256499299″လို့ ဖော်ပြပါရှိပါတယ်။
Photo- ကိုမင်း



