ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညို အေး ကို နစကမှ သြဂုတ်လ၁၅ရက်က ဖမ်းဆီးပြီး ချုပ်ရမန်ယူကာ အကျဉ်း ထောင်ကို ချက်ချင်းပို့ဆောင်ခဲ့တယ်လို့ စစ်တွေမြို့ခံတစ်ဦးကပြောပါတယ်။
“ဒီနေ့ဖမ်းသွားတာပါ။သြဂုတ်လ၁၃ရက်နေ့ က စစ်တွေမှာ ဆန်ပြဿနာနေ့ အထိမ်းအမှတ်လုပ်ခဲ့တာနဲ့ပတ်သက်ပြီးဒေါ်ညိုအေး နဲ့လူငယ်အချို့ကို ဖမ်းခဲ့တာပါ´´ မြို့ခံတစ်ဦး က ပြောပါတယ်။
လတ်တလောအချိန်မှာတော့ ဖမ်းဆီးခံ ထားရတဲ့ ဒေါ်ညိုအေးနဲ့လူငယ်တချို့ကို ၅၀၅ (ခ) ပုဒ်မန့အမှုဖွင့်တရားစွဲထား တယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌဒေါ် ညိုအေးဟာ ရခိုင်ပြည်နယ်အတွင်းမှာ အမျိုသမီးများအခွင့်အရေးနှင့်လူမှုရေးလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင် ရွက်နေသူတစ်ဦးဖြစ်တယ်လို့လည်း သိရ ပါတယ်။