ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းအလွန် လေကြောင်းလိုင်းများ ပျံသန်းမှုကို ယနေ့ မေလ ၁၈ ရက်တွင် ပြန်လည်စတင်လိုက်ကြောင်းသိရသည်။
ပျံသန်းမှုခရီးစဉ်များမှာ ရန်ကုန် – စစ်တွေ – ရန်ကုန် ပုံမှန်လေကြောင်းခရီးစဉ်များ ဖြစ်ပြီး ယင်းကို မြန်မာအမျိုးသားလေ ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းတို့မှ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်၊၊
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များသို့လည်း လေကြောင်းလိုင်းများက ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်းပို့ဆောင်ရေးဦးစီးဌာနက သိရသည်။