ရခိုင်ပြည်နယ်တွင်းတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်း အလွန် ပြန်လည်ထူထောက်ရေး ဖိလစ်ပိုင် ကူညီ

၉ ဖေဖော်ဝါရီ ၊၂၀၂၄

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း အလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖိလစ်ပိုင်အစိုးရမှ အမေရိကန်ဒေါ်လာ(၁)သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအလှူငွေလွှဲပြောင်းပေးအပ်မှု အခမ်းအနားကို ဖေဖော်ဝါရီ၆ရက်နေ့ကအင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပခဲ့ရာ ဖိလစ်ပိုင်အစိုးရကိုယ်စား အာဆီယံဆိုင်ရာ ဖိလစ်ပိုင်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Hjayceelyn M. Quintana က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး (SG-AHAC) အဖြစ် အာဆီယံအတွင်းရေးမှူးချုပ်က လှူဒါန်းမှုကို လက်ခံခဲ့ပြီး၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်လဲတက်ရောက်ခဲ့ပြီး “တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှု” ဆိုတဲ့သန္နိဋ္ဌါန်နဲ့အညီ မြန်မာနိုင်ငံနဲ့တစ်သားတည်းရပ်တည်ပြီး အကူအညီပေးအပ်မှုအတွက် မြန်မာပြည်သူများ ကိုယ်စား ဖိလစ်ပိုင်အစိုးရနဲ့ ပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားကို အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အာဆီယံဆိုင်ရာ ဖိလစ်ပိုင်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *