ရက်ပ်ပါ ရှောင် ကင်စတန် နေအိမ်ကို အမေရိကန်အထူးတပ်ဖွဲ  SWAT က ဝင်ရောက်စီးနင်းပြီး လိမ်လည်မှုနဲ့ ခိုးမှု ပစ်ချက်တွေနဲ့ ရှောင့်မိခင်ကို ဖမ်းဆီး

ဖလော်ရီဒါက ရှောင် ကင်စတန်ရဲ့ နေအိမ်
Photo credit: AP

ဖလော်ရီဒါ၊ မေ ၂၃

SWAT အဖွဲ့ဟာ  ရက်ပ်အဆိုတော် ရှောင် ကင်စတန်   ငှားရမ်းထားတဲ့  South Florida နေအိမ်ကို မေလ (၂၃) ရက်နေ့က  ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီစီးနင်းမှုမှာ ရှောင့်ရဲ့ မိခင်ဖြစ်သူကို လိမ်လည်မှု၊ခိုးမှုတွေနဲ့ပါ ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

 အမှုရဲ့ ပြသနာ အစက ရှောင်တို့အိမ်မှာ   ၂၃၂လက်မအရွယ် ကြီးမားတဲ့ တီဗွီကြီး တပ်ဆင်နေတဲ့ကိစ္စနဲ့ ဆက်နွယ်နေတယ်လို့ သိရပါတယ်။

တီဗွီကြီးက ဆင်လက်စ တစ်ပိုင်းတစ်ပဲ ရှိနေသေးပြီး အဲဒီလို အခြေနေမှာပဲ အခု ပြသနာ ပေါ်လာတာ ဖြစ်ပါတယ်။

ဒီရပ်ကွက်ဟာ နာမည်ကြီး မင်းသားမင်းသမီးတွေ၊ အားကစားသမားတွေ နေထိုင်ရာ ဖြစ်ပြီး ရှောင်တို့ နေနေတဲ့အိမ်က ၁၄၀၀၀ စတုန်းပေ ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ ဒီအိမ်ကြီးမှာပဲ ရဲတွေက ရှောင့်မိခင် ဂျနစ် တာနာ ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လေလာ့သူတွေ အဆိုအရ ၂၃၂ လက်မ ရုပ်မြင်သံကြား တပ်ဆင်တဲ့ ဖလော်ရီဒါ ကုမ္ပဏီကအလွဲသုံးစားလုပ်မှုနဲ့ ကင်စတန် အပေါ်   ဖေဖော်ဝါရီ လက စွဲဆိုထားတဲ့  အမှုနဲ့  တစ်စိတ်တစ်ပိုင်း ဆက်စပ်မှုရှိတဲ့အကြောင်း မျက်မြင် ရှေ့နေတစ်ဦးက ပြောဆိုထားတယ်လို့ သိရပါတယ်။

ရဲအရာရှိရုံးက စုံစမ်းစစ်ဆေးမှုတွေ  ဆက်လုပ်နေပြီး တာနာ အပေါ် စွဲချက်တွေ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့  ငြင်းဆိုထားတယ်လို့ သိရပါတယ်။ တရားရုံးမှတ်တမ်းတွေအရ တာနာဟာ ၂၀၀၆ခုနှစ်တုန်းက ဘဏ်လိမ်လည်မှုတစ်ခု ကျူးလွန်ခဲ့တာမို့ ထောင်ဒဏ် ၁၆ လ ချမှတ်ခံခဲ့ရတဲ့ မှတ်တမ်းရှိနေတယ်လို့လည်း သိရပါတယ်။

Ref: AP

ပုံစာ။ ရက်ပါ ရှောင် ကင်စတန်

Feature Image Credit:  AP

Visited 25 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *