ယူအေအီးနိုင်ငံက ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီ: အစည်းအဝေးမတိုင်မီ ၁၀၄မဂ္ဂါဝပ်လေအားလျှပ်စစ်စီမံကိန်းကို ဖွင့်လှစ်ပြသ

ဒူဘိုင်း၊  အောက်တိုဘာ ၆

မကြာမီမှာ ကျင်းပတော့မယ့်  COP 28 ရာသီဥတု ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမယ့် နေ့ တွေ မတိုင်ခင်မှာဘဲ ယူအေအီးနိုင်ငံက သူတို့ရဲ့  ပထမဆုံးလေအားစီမံကိန်းကို စပြီး လူသိထင်ရှား ချပြလိုက်ပြီ ဖြစ်ပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Masdar အနေနဲ့ အခု့လည်ပတ်မယ့် ၁၀၃.၅ မဂ္ဂါဝပ် စီမံကိန်းဟာ တစ်နှစ်ကို အိမ်ခြေ ၂၃,၀၀၀ ကျော် အတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့  စီစဉ်ထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

 “ဒီပရောဂျက်က… နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၁၂၀,၀၀၀ လောက်ကို ဖယ်ရှားပေးနိုင်မှာပါ ” လို့ Masdar ရဲ့ အရာရှိချုပ် မွဟ္ဟာမက် အယ် ရာမာဟီက ပြောပါတယ်။

“ဒါက ကားအစီးရေ ၂၆,၀၀၀ လောက်ကို လမ်းတွေကနေ ဖယ်ရှားတာနဲ့ ညီမျှပါတယ်။” လို့ အယ် ရာမာဟီက ပြောပါတယ်။

ဒီနေ့မှာ PowerChina နဲ့ GoldWind International တို့ လက်တွဲလုပ်ဆောင်နေတဲ့ Masdar  စီမံကိန်းရဲ့ တာဘိုင်တွေဟာ  အပူနဲ့ စိုထိုင်းဆတွေကြားက  လေစွမ်းအင်ကို ရစေနိုင်တဲ့ သိပ္ပံပညာနဲ့ လေစွမ်းအင်ဆိုင်ရာ တိုးတက်မှုတွေကြောင့် တာဘိုင်တွေဟာ  နိမ့်နေတဲ့ လေအမြန်နှုန်းမှာကိုပဲအသုံးချနိုင်ဖို့ လုပ်နိုင်ခဲ့တယ်လို့ ပြောဆိုတဲ့ အကြောင်း သိရပါတယ်။

Ref: CNA

ပုံစာ။ အာရပ်ဆော်ဘွားများနိုင်ငံ ယူအေအီး မှာတွေ့ရတဲ့ ၂၀၂၃ အောက်တိုဘာလ က စပြီး လည်ပတ်နေတဲ့ လေအားလျှပ်စစ် စီမံကိန်း တစ်ခု

 Feature Image Credit:  Abu Dhabi Future Energy Company PJSC – Masdar/Handout via REUTERS

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *