ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ရာထူးက  ရုတ်တရက် နုတ်ထွက်

အမှတ် ၁၀ ဒေါင်းနင်းလမ်း မှာ တွေ့ရတဲ့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်

လန်ဒန်။ ဇူလိုင် ၈

ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်  တစ်ယောက်  ဇူလိုင် ၇ရက် (ကြာသပတေးနေ့) မှာရာထူးကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီရဲ ခေါင်းဆောင် နေရာကနေ ယူကေရဲ့ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံခဲ့တဲ့ ဘောရစ် ဂျွန်ဆင်ဟာ ၁၉၆၄ခုနှစ် ဇွန်လ ၁၉ရက်မှာ အမေရိကန်ပြည်ထောင်စု နယူးယောခ်မှာ မွေးဖွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် ၂၀၁၆ မှာ ယူကေနိုင်ငံသားအဖြစ် ထပ်မံပြီး ခံယူခဲ့ပါတယ်။

၂၃ ဇူလိုင် ၂၀၁၉မှာ ဝန်ကြီးချုပ် ထရီစာ မေ နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

အိမ်ထောင် သုံးဆက်ကျခဲ့သူဖြစ်ပြီး သားသမီး ၇ယောက်ထွန်းကားခဲ့ပါတယ်။ လက်ရှိမှာ အသက် ၅၈နှစ်အရွယ် ရှိနေပြီး ဖြစ်ပါတယ်။

အခုဆို သူ့ နေရာကို လိုချင်လို့  တန်းစီနေတဲ့ သူတွေက အများကြီးလို့ ဆိုပါတယ်။ အရင့် အရင်တွေကတော့ ဝန်ကြီးချုပ် တစ်‌ယောက် နုတ်ထွက်ပြီဆို ပွဲစည်နေတတ်တဲ့ ယူကေ ဝန်ကြီးချုပ်တွေ အစဉ်အဆက်နေလာခဲ့တဲ့ လန်ဒန်မြို့က အမှတ် ၁၀ ‌ဒေါင်းနင်းလမ်းမှာကတော့ အရင်ကလို ပွဲစည်မနေဘဲ တိတ်တိတ် ဆိတ်ဆိတ်ပဲ ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြနေကြောင်းပါ။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *