လန်ဒန်၊ ဖေဖေါ်ဝါရီ ၂၄
ဖလော်ရီဒါ ကမ်းလွန်မှာ ဖေဖေါ်ဝါ ၂၁ရက်က လုပ်ခဲ့တဲ့ ဗြိတိန်နျူကလီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ဟာ မအောင်မြင့်ခဲ့ဘူးလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပစ်လွတ်စမ်းသပ်တဲ့ ဒုံးကျည်ဟာ Trident 2 ပဲ့ထိန်းဒုံးကျည် ဖြစ်ပြီး ရှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော HMS Vanguard မှာ စမ်းသပ်မှုအတွင်း လွဲချော်မှု တစ်ခု ဖြစ်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဗြိတိန်ရဲ့ Trident နျူကလီးယား အဟန့်အတား စနစ်ဟာ ၂၀၁၆ ခုနှစ် ဇွန်လကလည်း ဖလော်ရီဒါ ကမ်းလွန်မှာ အစောပိုင်း စမ်းသပ်မှု မအောင်မြင်ခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါကို The Sun သတင်းစာက ဖေါ်ပြခဲ့တာပါ။
The Sun သတင်းပေးပို့ချက်ဟာ တိကျပြီး ရေငုပ်သင်္ဘောအမှုထမ်းတွေဟာ ဒိတ်မီထိပ်ဖူးကို အသုံးပြုပြီး လေ့ကျင့်မှုကို ပြီးပြည့်စုံစွာ လုပ်ဆောင်ခဲ့တဲ့အကြောင်း သိရပါတယ်။
Trident 2 ဒုံးကျည်နဲ့ dummy ထိပ်ဖူးတို့ဟာ ဝေဟင်ကို တွန်းပို့ခဲ့ပေမယ့်လည်း ဒုံးကျည်ရဲ့ ပထမအဆင့် မြှင့်တင်မှုက မီးမလောင်ဘဲ သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။။
စမ်းသပ်မှု လုပ်နေတဲ့အချိန် ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့်ရှက် လည်း HMS Vanguard ရေငုပ်သင်္ဘော ပေါ်မှာ ရှိနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲပါတယ်။ ဝန်ကြီးနဲ့အတူ ရေတပ်ဗိုလ်ချုပ်ကြီး ဆာ ဘန်ကီးလည်း လိုက်ပါလာတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ HMS Vanguard ရေငုပ်သင်္ဘော ကို တွေ့ရစဉ်
Feature Image Credit: David Moir/Reuters/File



