ယူကေမှာ သေဆုံးသွားတဲ့ ထိုင်းလူငယ်ဘောလုံးသမားလေး ရဲ့ အရိုးပြာအိုး  သူ့မိသားစုဆီ ‌ရောက်ရှိ

ဖခင်ဖြစ်သူက အရိုးအိုးကို သယ်ဆောင်လာပုံ
 Photo Credit: CNA/Pichayada Promcherchoo

ဘန်ကောက်၊ မတ် ၄

ထိုင်းလူငယ်ဘောလုံးသမားလေး ဒွန်ဂတ် ပရွန်ထစ်ပ် ရဲ့ အရိုးပြာအိုးဟာ ဒီနေ့မှာ ယူကေနိုင်ကတစ်ဆင့် ထိုင်းနိုင်ငံ သုဝဏ္ ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ပြီး မိသားစုတွေ လက်ထဲ လွဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က ကမ္ဘာကျော်ခဲ့တဲ့  အဖြစ်အပျက်တစ်ခု ဖြစ်တဲ့ လှိုဏ်ဂူထဲ ပိတ်မိခဲ့လို့ ကယ်ဆယ်ခဲ့ရတဲ့ ထိုင်းလူငယ်၁၂ ဦးထဲ က တစ်ယောက် အပါအဝင်ဖြစ်တဲ့ တောဝက်လူငယ်ဘောလုံးအသင်းခေါင်းဆောင် ဖြစ်တဲ့ နွန့် ဒွန်ဂက် ပရွန်ထစ်ပ် ဟာ အားကစားလေ့ကျင့်ရင်း ရခဲ့တဲ့ ဒဏ်ရာနဲ့  ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၄ရက် က  ယူကေမှာ သေဆုံးသွားခဲ့ပါတယ်။

ဒီနေ့တော့ သူ့အရိုးပြာအိုးကို  ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှာ  ထိုင်းနိုင်ငံ ဘောလုံးအသင်းရဲ့ တိုက်စစ်မှူးဟောင်းနဲ့ နည်းပြချုပ် ကိုင်တီဆတ် ကနေတစ်ဆင့် ကွယ်လွန်သူ မိသားစုဆီကို လွဲပြောင်း ပေးခဲ့ပြီ ဖြစ်ပါတယ်။

လူငယ်လေးရဲ့  ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက် အင်္ဂါနေ့က ယူကေနိုင်ငံ လက်စတာမြို့မှာ မီးသဂြိုလ် ခဲ့ ပါတယ်။ ဈာပနအခမ်းအနားကိုတော့ သူ့သူငယ်ချင်းတွေ၊ ကျောင်းကဆရာတွေ၊ ထိုင်းလက် ရွေးစဥ် ဟောင်း ကိုက်တီဆတ် တိုနဲ့အတူ  ယူကေနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ထနီ ထောင်ပတ်ပနီ တို့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Ref: cna

သုဝဏ္ဏဘူမိလေဆိပ်ထဲကို ထိုင်းလက်ရွေးစဥ်ဟောင်း ကိုင်တီဆတ် ဦးဆောင်ပြီး အရိုးအိုးကို သယ်ဆောင်လာပုံ
Photo Credit: CNA/Pichayada Promchertchoo
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *