ယူကရိန်းကသိမ်းပိုက်ခံနယ်မြေတွေမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေကို တန်ပြန် ထိုးစစ်ဆင် နေတာ အခုဆိုရင် ဒုတိယအပတ်ထဲကို ဝင် ရောက်လာပြီဖြစ်ပါတယ်။
ယူကရိန်းစစ်ဖြစ်ပွါးမှု ၆၉ပတ်ထဲကို ရောက်ရှိလာချိန်မှာ အဲဒီတန်ပြန်ထိုးစစ် ကို စစ်မျက်နှာ၄ခုဖွင့်ပြီး လက်နက်ကြီး အင်အားကောင်းကောင်းနဲ့ စတင်ခဲ့တာဖြစ်ပေမယ့် ရုရှားဖက်က ကြံ့ကြံ့ခံတိုက်ခိုက် နေလို့ နယ်နိမိတ်အနည်းငယ်ကိုပဲ သိမ်း ယူနိုင်ခဲ့ပါတယ်။
အစပိုင်းမှာ ၆စတုရန်းမိုင်လောက်ကိုပဲ သိမ်းယူနိုင်ခဲ့ပြီး အခုဆိုရင် ၄၄စတုရန်း မိုင်အထိ သိမ်းယူနိုင်ခဲ့လို့ တိုးတက်လာတာ ဖြစ်ကြောင်း ယူကရိန်း ဒုတိယကာကွယ်ရေး ဝန်ကြီး ဟန်နာမာလီယာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာဆိုရင် ဘတ်ခ် မွတ်နဲ့ဒေါ့ညက် တောင်ပိုင်းမှာဆိုရင် ဒေါ့ညက်နဲ့ဇာပိုရီဇဇီယာနယ်နှစ်နယ် အ ကြားကို ဦးတည်ပြီး တန်ပြန်ထိုးစစ်ဆင်နေ တာလို့ဆိုတယ်။ မယ်လီတိုပိုလ်၊ ဇာပိုရီဇဇီ ယာအနောက်ပိုင်းနဲ့ အော်ရီခိယက် ဗ်နယ် တွေဖက်ကိုလည်း တပ်တွေဖြန့်ပြီး ထိုးစစ် ဆင်ခဲ့တယ်လို့ ဟန်နာမာလီယာက ဆက် လက်ပြောကြားပါတယ်။
ရုရှားဖက်က ကျဆုံးဒဏ်ရာရ ပမာဏ ၄၆၀၀လောက်ရှိပြီး စစ်ယာဉ်နဲ့ လက်နက် အပျက်အစီး ၄၀၀ရှိတယ်လို့ သတင်းထုတ် ပြန်ပါတယ်။
ဇွန်၄ရက်က စလိုက်တဲ့ ယူကရိန်းတန်ပြန် ထိုးစစ်မှာ တိုက်ပွဲပေါင်း ၂၆၃ကြိမ်ရှိခဲ့ ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ရုရှားကာ ကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူက ပြောပါ တယ်။
Ref: BBC