ကိုးလကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းစစ် ရေး ပဋိပက္ခရဲ့ လက်ရှိတိုက်ပွဲတွေအနက် အရှေ့ပိုင်းဒေသမှာရှိတဲ့ ဘတ်ခ်မွတ်မြို့ ကို ရုရှားဖက်က သိမ်းယူဖို့ ထိုးစစ်ဆင် နေတဲ့ တိုက်ပွဲဟာ နှစ်ဖက်စလုံးအတွက် အလွန်အရေးကြီးတဲ့တိုက်ပွဲဖြစ်တယ်။
မဟာဗျူဟာအရ အချက်အခြာကြတဲ့ အဲဒီမြို့ကို သိမ်းပိုက်နိုင်ဖို့ ရုရှားဖက်က သာ လွန်အင်အားသုံးပြီး ထိုးစစ်ဆင်တယ်။ ယူကရိန်းစစ်ဖက်ဆိုင်ရာနဲ့ မဟာဗျူဟာ ကျွမ်းကျင်သူတွေကလည်း ခံစစ်ဗျူဟာ အမျိုးမျိုးသုံးပြီး ကိုယ့်မြို့ကို ရုရှားတွေလက် ထဲပါမသွားစေဖို့ ကျားကုတ်ကျားခဲ ကြိုးစား နေတယ်။
နောက်မဆုတ်တမ်းထိုးစစ်ဆင်နေတဲ့ရုရှားတပ်ဖွဲ့တွေကလည်းလူ့အသက်ပေါင်းများစွာ အဆုံးရှုံးခံပြီးတော့ ဆက်တိုက်နေခဲ့ရာကနေ နောက်ဆုံးမှာတော့ ဘတ်ခ်မွတ်မြို့ကို သိမ်း ပိုက်နိုင်ပြီလို့ မေ၂၂မှာ ကြေညာတယ်။ ရု ရှားနိုင်ငံတော်အလံတွေ ဝှေ့ရမ်းပြီး စစ် သည်တွေ အောင်ပွဲခံကြတယ်။ ဘတ်ခ်မွတ် မြို့ကို ရုရှားစစ်သည်တွေ သိမ်းပိုက်နိုင်ခဲ့လို့ ဂုဏ်ယူကြောင်း သမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင်လည်း ထုတ်ဖော်ပြောကြားခဲ့တယ်။
ရုရှားဖက်ကပြောတာမဟုတ်ဘူး။ ဝါဒဖြန့် နေတာဖြစ်တယ်။ဘတ်ခ်မွတ်မြို့မကျသေးဘူး။ တိုက်ပွဲမပြီးသေးဘူးလို့ ဂျပန်နိုင်ငံ ဟီရို ရှီးမား ရောက်နေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇေလင်စကီးက ငြင်းဆိုခဲ့ပါတယ်။
Ref : BBC, Aljazeera