ယူကရိန်းအတွက် ဆက်လက်ထောက်ပံ့ခြင်းမပြုရန်နေတိုးစစ်အုပ်စုကို ဗလာဒီမာပူတင် သတိပေး

နေတိုးစစ်အုပ်စုဝင်နိုင်ငံအချို့က ယူကရိန်းအရေးကို ငြိမ်းချမ်းစွာအဆုံးသတ်သွားစေဖို့ ဖြန်ဖြေရမယ့်အစား အမေရိကန်လုပ် အက်ဖ်၁၆ တိုက်လေယာဥတွေဝယ်ပေးဖို့စီစဉ်တဲ့အထိ စစ်မီးပိုပြီးတောက်လောင်အောင် ရန်တိုက်ပေးနေတယ်လို ရုရှားကထောက်ပြခဲ့ပြီးဖြစ်တယ်။

စိန့်ပီတာစဘာ့ဂ်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စီးပွါးရေးဖိုရမ်တက်ရောက်လာတဲ့ ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ ဇွန်၁၇ရက်မှာ နေတိုးစစ်အုပ်စုကို သတိပေးခဲ့တယ်။

ကျွန်တော်တို့ အခုလို ဆွေးနွေးပြောဆို နေကြချိန်မှာ နေတိုးဟာ ယူကရိန်းမှာ စစ်ဖြစ်အောင်ကြံဆောင်နေပြီဖြစ်တယ်။ အကြီးစားစစ်လက်နက်တွေ ယူကရိန်းကို ထောက်ပံ့နေတယ်။ ဂျက်လေယာဉ်တွေပေးဖို့လည်းအခုစီစဉ်နေကြပြီ။ နေတိုးအနေနဲ့ စစ်ထဲဝင်ပါနေမယ်ဆိုရင် အနရာယ် အရမ်းကြီးမားပါလိမ့်မယ်။ နေတိုးစစ်အုပ်စုဝင်နိုင်ငံတွေအားလုံးထက်လည်း ရုရှားကလက်နက်အင်အားသာလွန်တယ်။ ရုရှားကို ကာကွယ်ဖို့ နျူကလီးယားလက်နက်တွေအများကြီးလည်းရှိတယ်လို့ ပူတင်က သတိပေးလိုက်တာဖြစ်တယ်။

နျူကလီးယားလက်နက်အပြန်အလှန်လျှော့ချရေးအစီအစဉ်မှာဆက်လက်ပါဝင်ဖို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရုရှားသမတက ဆိုင်းငံ့ထားမယ်လို့ ပြောခဲ့တယ်။ အဲဒီနောက်ပိုင်း ရုရှားနျူကလီးယားလက်နက်တွေကို သူဘယ်လိုစီမံခန့်ခွဲနေသလဲမသိရဘူး။

နျူကလီးယားလက်နက်ငယ်တွေကို ဘယ်လာရုစ်ပို့တာ ပထမအသုတ်တော့ ရောက်သွားပြီလို့ သူကိုယ်တိုင် စိန့်ပီတာစဘာ့ဂ်အပြည်ပြည်ဆိုင်ရာစီးပွါးရေးဖိုရမ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်တယ်။

Ref :Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *