နယူးယောခ့်၊ ဒီဇင်ဘာ ၇
အမေရိကန်နိုင်ငံ နယူးယော့ခ် အခြေစိုက် ကမ္ဘာ့ဩဇာအာဏာ အကြီးမားဆုံး သက်တမ်းရှည် တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၂၀၂၂ တစ်နှစ်တာ အထင်ရှား အကျော်ကြားဆုံး ပုဂ္ဂိုလ် အဖြစ် ယူကရိန်းသမ္မတ ဗိုလန်ဒင်မာ ဇလန်းစကီး ကို ရွေးချယ်လိုက်တယ် လို့ သိရပါတယ်။
အသက် ၄၄နှစ်အရွယ်ရှိသူ လူရွှင်တော်၊ သရုပ်ဆောင်၊ စာရေးဆရာနဲ့ ထုတ်လုပ်သူဟောင်းတစ်ဦးဖြစ်တဲ့ ဗိုလန်ဒင်မာ ဇလန်းစကီး ဟာ ၂၀၁၉ ခုနှစ်ကစ ဒီနေ့တိုင် ယူကရိန်းနိုင်ငံရဲ့ သမ္မတ အဖြစ် တာဝန် ယူနေသူလည်း ဖြစ်ပါတယ်။
ဇလန်းစကီးကို ၁၉၇၈ခုနှစ် ဇန်နဝါရီလ ၂၅ရက်က ယူကရိန်းနိုင်ငံရဲ့ ထင်ရှားတဲ့ မြိုတော်ခရီဗိရိ့ဒ်မှာ ယူကရိန်းဂျူးအနွယ် မိသားစုကနေ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဗိသုကာ တစ်ယောက်လည်းဖြစ်၊ ဇာတ်ညွှန်းရေးဆရာမ လည်း ဖြစ်တဲ့ အိုလီနာ ဗိုလင်ဒင်မာရဗီနာ နဲ့ လက်ထပ် ထိမ်းမြှားပြီး သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ ကိယက်ဖ် တက္ကသိုလ်က ဥပဒေအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ဇလန်းစကီးဟာ သမ္မတ အဖြစ် တာဝန်ယူခဲ့ပြီးတဲ့နောက်၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရုရှားရဲ့ကျူးကျော်စစ် ကို ဒီနေ့အထိ အောင်အောင်မြင်မြင် ကြံ့ကြံ့ခံ ခုခံနိုင်သူအဖြစ် ကမ္ဘာက အသိမှတ်ပြုခံနေရသူဖြစ်ပြီး အကျပ်အတည်းတွေထဲ သူ့ရဲ့ ခေါင်းဆောင်မှုကို နိုင်ငံတကာက ကျယ်ကျယ် ပြန့်ပြန့် ချီးမွမ်းခြင်းခံရပြီး ယူကရိန်းတော်လှန်ရေးရဲ့သင်္ကေတအဖြစ်ပါ ဖော်ပြခြင်းခံ ရသူလည်း ဖြစ်လာပါတယ်။ လူမှုရေးစစ်တမ်းတွေ က ဇလန်းစကီး ဟာ ယူကရိန်းရဲ့ အကြီးမြတ်ဆုံးသမ္မတအဖြစ် အဆင့်သတ်မှတ်ခံမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။
တိုင်းမဂ္ဂဇင်းရဲ့ ၁၉၂၇ ခုနှစ်ကစလို့ ၂၀၂၁ အထိ ရွေးချယ်ခဲ့တဲ့ နှစ်အလိုက် အထင်ရှားအကျော်ကြားဆုံး လူပုဂ္ဂိုလ် တွေ ကို သိချင်ရင်တော့ အင်တာနက်မှာ “Time Person of the Year” လို့ ရိုက်ပြီး ရှာဖွေ လေ့လာနိုင်ပါတယ်။
Ref: CNN

Photo Credit: time.com