ယူကရိန်းသမ္မတ ဇလန်းစကီးကဖိလစ်ပိုင်သမ္မတ မာကို့စ်ကို ကျေးဇူးတင်စကားဆို

မနီလာ၊ ဇွန် ၃

ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့   ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မာကို့စ် ဂျူနီယာတို့ တနင်္လာနေ့ (ဇွန် ၃ ရက်) က မနီလာမှာ တွေ့ဆုံအပြီး  ရုရှားရဲ့ နယ်မြေကျူးကျော်မှုနှဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်ကို ပြသခဲ့တဲ့ ဖိလစ်ပိုင်ကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

ဇလန်းစကီးဟာ အခုသီတင်းပတ်ကုန် စင်္ကာပူမှာ လုပ်မယ့်  အာရှရဲ့  အကြီးမားဆုံး လုံခြုံရေး ညီလာခံကို အစီစဉ်မရှိဘဲ တက်ရောက်ဖို့ ရောက်လာခဲ့တာ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကိုပါ သွားရောက်ကာ သမ္မတအိမ်တော်မှာ သမ္မတမာကို့စ် နဲ့ တွေ့ဆုံခဲတာ ဖြစ်ပါတယ်။

အနက်ရောင်ရှပ်အင်္ကျီနဲ့  ကုန်တင်လုပ်သားဘောင်းဘီကို ၀တ်ဆင်ထားတဲ့ ဇလန်စကီးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၁၉ ရွေးကောက်ပွဲအပြီးပထမဆုံးအကြိမ် လာရောက်ခဲ့တာဖြစ်ပါတယ်။

“ဒီဖိတ်ကြားမှုအတွက်ကျေးဇူးတင်ပါတယ်၊ ကျနော်တို့ရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာကိုထောက် ပံ့တဲ့  သင်တိုလို နိုင်ငံအတွက် အထူးကျေးဇူးတင်ပါတယ်။” လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံက  အခုနှစ် ၂၀၂၄ ထဲ မနီလာမှာ  သံရုံးဖွင့်ဖို့ စီစဉ်နေတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံနေကြပုံ

Feature Image Credit: Pool/Jam Sta Rosa via Reuters)

Visited 42 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *