ယူကရိန်းသမ္မတဇလန်းစကီး နဲ့ ဂရိဝန်ကြီးချုပ်တို့ရဲ့ ယာဉ်တန်းနဲ့ မီတာ ၅၀၀အကွာကို ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲ

အသက်ဘေးက သီသီလေးလွတ်မြောက်လာခဲ့

အိုဒေးစ( ယူကရိန်း)၊ မတ် ၆

ယူကရိန်းသမ္မတ  ဇလန်းစကီး နဲ့ ဂရိဝန်ကြီးချုပ် ကီရီယာကို မီကီတားကစ်  တို့ လိုက်ပါလာတဲ့ ယာဉ်တန်းဟာ မတ်လ ၆ရက် ဗုဒ္ဓဟူးနေ့က  ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒေးစ ကို အရောက်မှာ ရုရှားရဲ့ ဒုံးကျဉ်နဲ့ ပစ်ခတ်လုပ်ကြံတာကို ခံခဲ့ရပါတယ်။ ကံအားလျော်စွာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က မီတာ ၅၀၀ အကွာလောက်မှာ ကျရောက်ပေါက်ကွဲခဲ့တာမို့ အသက်ဘေးကနေ သီသီလေး လွတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မြို့တော်ကို လာရောက်လည်ပတ်တဲ့ ခေါင်းဆောင်တွေကို တင်ဆောင်လာတဲ့ ယာဉ်တန်းဟာ မီးခိုးငွေတွေကြာကပဲ လွတ်မြောက်လာခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း လူငါးယောက် သေဆုံးပြီး နောက်ထပ်ဒဏ်ရာရတဲ့ သူတွေလည်း ရှိသေးတဲ့ အကြောင်း ယူကရိန်းရေတပ် ပြောရေးဆိုခွင့်ရှိသူဒီတရို ပီတန်ချော့ခ်  က CNN ကို ပြောပါတယ်။

ဇလန်းစကီးဟာ  ရှေ့တန်းကို မကြာခဏ ခရီးထွက်လေ့ရှိပြီး ရုရှားနဲ့  နှစ်နှစ်ကျော်ကြာ စစ်ပွဲကာလတစ်လျှောက် ယူကရိန်းနိုင်ငံကို  ကမ္ဘာ့ခေါင်းဆောင် ဒါဇင်ပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိခဲ့ကြပေမယ့် အခုလောက် နီးကပ်တဲ့ အန္တရာယ်မျိုး မကြုံခဲ့ရဘူးလို့ သိရပါတယ်။

Ref:CNN

ပုံစာတိုက်ခိုက်မှု မခံရခင် ဇလန်းစကီးနဲ့ အတူယှဥ်တွဲတွေ့ရတဲ့ ဂရိဝန်ကြီးချုပ်

Feature Image credit: Ukrainian Presidential Press Service/Reuters

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *