တိုကျို၊ ဖေဖေါ်ဝါရီ ၁၉
ယူကရိန်းဝန်ကြီးချုပ် ဒန်းနစ် ဟာ ရုရှားနဲ့ နှစ်နှစ်နီးပါးကြာစစ်ပွဲ ကာလအလွန် နိုင်ငံပြန်လည်တည်ဆောက်ရေး အတွက် အထောက်အပံ့တွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ဖေဖေါ်ဝါရီ ၁၉ရက် မှာ ဂျပန်အစိုးရကို တိုက်တွန်းပြောဆိုလိုက်တယ်လို့ သိရပါတယ်။
စစ်ပွဲကာလတစ်လျှောက် ဂျပန်နိုင်ငံဟာ ယူကရိန်းကို အမျိုးမျိုးသော ထောက်ပံ့ငွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပြီး လည်း ဖြစ်ပါတယ်။
“ရုရှားကြောင့်ဖြစ်ရတဲ့ ဒီဆိုးရွားတဲ့စစ်ပွဲ ကာလထဲမှာ ဂျပန်က ပေးခဲ့တဲ့ ဒီရန်ပုံငွေကြောင့် ယူကရိန်းလူသန်းပေါင်းများစွာ အသက်ရှင်ရပ်တည်နိုင်ခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ယူကရိန်းသမ္မ ဇလန်းစကီးကတော့ တိုကျိုမှာ ပြုလုပ်တဲ့ စုဝေးပွဲ တစ်ခုမှာ ဗီဒီယိုနဲ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားပေမယ့် ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ အကြောင်းရင်းကိုတော့ ပွဲစီစဉ်သူတွေက အသေးစိတ်ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။
“ပုဂ္ဂလိကကဏ္ဍဟာ ယူကရိန်းမှာ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေအတွက် အဓိက အင်ဂျင်ဖြစ်သလို .. ယူကရိန်းနိုင်ငံကို ခေတ်မီအောင်၊ ပြန်လည်တည်ဆောက်ရေးမှာ ဂျပန်နဲ့ လက်တွဲဆောင်ရွက်လိုပါတယ်” လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့ဘဏ်၊ ဥရောပသမဂ္ဂ နဲ့ ကုလသမဂ္ဂတို့ရဲ့ ပူးတွဲအစီရင်ခံစာအရ ယူကရိန်း ပြန်လည်တည်ဆောက်ရေးကုန်ကျစရိတ်ဟာ လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၈၆ ဘီလီယံ အထိရှိမယ်လို့ ခန့်မှန်းတွက်ချက်ထားကြောင်း သိရပါတယ်။
Ref: AFP
ပုံစာ။ နှစ်နှိင်ငံ ခေါင်းဆောင် နှစ်ယောက်ကို တွေ့ရပုံ
Feature Image Credit: AFP



